Ads 468x60px

Labels

Showing posts with label MM iT Poems. Show all posts
Showing posts with label MM iT Poems. Show all posts

Sunday, September 16, 2012

IT friendships ဖိုရမ်အတွက်


မိုးလင်းကာ စ
ငါ နိုးထ လာ...
မနက်ရဲ့ အာရုဏ်
ငါ ခံစားလို့...

ဖွင့်လိုက်ပါပြီ
ငါ့ ကွန်ပျူတာ...
ကော်ဖီ တစ်ခွက်
ပေါင် မုန့် တစ်ချပ်နဲ့...
ဖွင့်ကြည့်နေမိတာက
အိုင်တီဆိုဒ်လေး...

ဒီနေ့အဖို့လည်း
ငါကြိုးစားမယ်...
ဖိုရမ်သူဖိုရမ်သားတွေအတွက်
ငါတတ်နိုင်သလောက်
ပညာပေးမယ်...
အိုင်တီဆိုဒ် အတွက်ပဲ...

အလုပ်သွားဖို့ ပြင်ဆင်လျှက်
အလုပ်သို့ ရောက်သော်လည်း
ကွန်ပျူတာ ဖွင့်လိုက်တာနဲ့...
အော်တို ပွင့်လာတာက
ဒီဆိုဒ်လေးပဲ...

ဝင်ကြည့်မိတယ်
ဘလော့တွေရယ်...
ပုံတွေရယ်...ဗွီဒီယိုရယ်တွေရယ်...
ငါ ဖတ်နေမိတယ်

အားလုံးပျော်ဖို့
ငါကြိုးစားမယ်...
ငါ့ရဲ့နေ့တွေဟာ
ဒီဆိုဒ် လေးအတွက်...

ဒီလိုနဲ့ ညလေးကို ရောက်လာပြီ
အိမ်ကို ပြန်ရတော့မည်...

အိမ်ကိုရောက်လည်း ဖွင့်နေမိတယ်...
ဒီကွန်ပျူတာရယ်...
ဝင်လိုက်ပြန်ပြီ ဒီဆိုဒ်လေးသို့...
ငါဒီလိုနဲ့ ကုန်ဆုံးလာတဲ့
ငါ့ရဲ့ တစ်နေ့တာကို ပြန်စစ်မိတယ်

အော် ငါ့ရဲ့နေ့တွေဟာ
အိုင်တီဆိုဒ်လေး အတွက်ပါလားနော်...
ကျေကျေနပ်နပ် ပြုလုပ်ပေးနေမိတယ်
အားလုံးပျော် ဖို့ မျှော်တွေးလို့နေ
ငါ့ရဲ့ နေ့လေး ကုန်သော်လည်း...
တန်ဖိုးရှိချင်သည်...

အိုင်တီဆိုဒ်လေးကို ချစ်သော
                                                  သူခိုးလေးဖြိုးဝေ
(ချစ်ခင်ရသော သူငယ်ချင်းတစ်ယောက်ကဗျာကိုပြန်လည်ပြုပြင်ရေးသားလိုက်ခြင်းဖြစ်ပါသည်။)